ကိုလံဘီယာတွင် မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ဓာတ်ပုံ - AFP-JIJI
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ကာအူကာပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာ သဘာဝဘေး လျော့ပါးသက်သာရေး အေဂျင်စီက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။ ကာအူကာပြည်နယ်ရဲ့ ရော့ဇက်စ် ကျေးလက်ဒေသမှာ မိုးသည်းသည်းမည်းမည်း ရွာပြီးနောက် ဧပြီ ၂၁ ရက် မနက်အစောပိုင်းက မြေပြိုခဲ့တာပါ။ လက်ရှိမှာ ဒဏ်ရာရသူ ၅ ယောက်ကို ဆေးရုံတင်ထားပြီး အာဏာပိုင်တွေက ကယ်ဆယ်ရေး ဆက်လုပ်နေကြပါတယ်။ အဲဒီမြေပြိုမှုအတွင်း နေအိမ် ၈ လုံးထက်မနည်း ပျက်စီးသွားပါတယ်။ ကိုလံဘီယာနိုင်ငံ တောင်တန်းဒေသတွေမှာ မြေပြိုမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး အထူးသဖြင့် မိုးရာသီမှာ အဖြစ်များပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up