Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင် ၅ ဦးကို အာမခံမပေးဘဲ အင်းစိန်ထောင်ပို့ဆောင်
DVB
·
April 22, 2019
58033160_1815453428556759_2294952617123512320_n
တပ်မတော်ရဲ့အမှုဖွင့်တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင် ၅ ဦးကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တရားရုံးက အာမခံမပေးဘဲ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ တပ်မတော်ကို ထိခိုက်တဲ့စာသားတွေကို သံချပ်ထိုးခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခဲ့ပြီး ဒီကနေ့ ဧပြီ ၂၂ ရက်မှာ မရမ်းကုန်း တရားရုံးက တဆင့် အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တာပါ။ အင်းစိန်ထောင်ကို ပို့ခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင်တွေကတော့ ပိုင်ရဲသူ၊ ဖိုးသား၊ ဇေယျာလွင်၊ ပိုင်ဖြိုးမင်းနဲ့ ကေခိုင်ထွန်းတို့ ဖြစ်ကြပြီး သူတို့အမှုကို ဧပြီ ၂၉ ရက်​​နေ့ ရုံးချိန်း ပြန်​လည်​ချိန်းဆိုထားပါတယ်​။ သတင်း- ချမ်းမြေ့မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024