Home
မြန်မာသတင်း
မြစ်ဆုံဆည်စီမံကိန်း ကန့်ကွက်ကြောင်း စတစ်ကာကမ်ပိန်း မန္တလေးတွင် ပြုလုပ်
DVB
·
April 22, 2019
မြစ်ဆုံဆည် တည်ဆောက်ပါက ဖြစ်လာမယ့်အကျိုးဆက်တွေကို ပြည်သူတွေ သတိထားမိစေဖို့အတွက် မန္တလေးမြို့မှာ ဒီမနက် စတစ်ကာကမ်ပိန်း ပြုလုပ်ပါတယ်။ ဧရာဝတီမြစ်အထက်ပိုင်း ရေဝေရေလဲ ဒေသကနေ အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသအထိ ထိခိုက်နိုင်တဲ့အတွက် တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်ဖြစ်တာမို့ အခုလိုဆောင်ရွက်တာလို့ ကမ်ပိန်းပြုလုပ်ခဲ့တဲ့ Freedom Fighters အဖွဲ့ဝင် ကိုသဲနှစ်အောင်က ပြောပါတယ်။ "ဒီမြစ်ဆုံဆည်ကို တနိုင်ငံလုံးက အလိုမရှိဘူးဆိုတာလေးကို သိစေချင်လို့လုပ်တာပါ'' စတစ်ကာကမ်ပိန်းကို မဟာအောင်မြေ၊ အောင်မြေသာစံနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက လူစည်ကားတဲ့ ၇၃လမ်း၊ ၆၂လမ်းနဲ့ သိပ္ပံလမ်းတွေပေါ်မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းက ရန်ကုန်မြို့မှာလည်း စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့ပြီး ဧပြီ ၈ ရက်က မြစ်ကြီးနား တက္ကသိုလ်ရှေ့မှာ ပြုလုပ်ခဲ့ကြောင်းနဲ့ ၉ ရက်နေ့ကလည်း မြစ်ဆုံမှာ ကမ်ပိန်းပြုလုပ်ခဲ့တယ်လို့ Freedom Fighters အဖွဲ့က မမိုးမိုးက ပြောပါတယ်။ ဒါ့အပြင် ပဲခူး၊ ကံမ၊ မင်းလှ၊​ ပျော်​ဘွယ်​၊ ရမည်းသင်း၊ ဖားကန့်​၊ မြစ်​ကြီးနား၊ ဝိုင်း​မော်​၊ ​ဖားကန့်​နဲ့ ဟောင်​ပါးကျေးရွာ စတဲ့ဒေသတွေမှာလည်း မြစ်ဆုံကို ကန့်ကွက်တဲ့ စတစ်ကာ ကမ်ပိန်းတွေ ပြုလုပ်မယ်လို့ Freedom Fighters အဖွဲ့ထံက သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024