A d v e r t i s e m e n t With Us

ဂျာမန် ဘွန်ဒတ်စ်လီဂါတွင် ဒေါ့မွန်က ဖရိုင်းဘတ်ကို ၄ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဒေါ့မွန်က အဝေးကွင်းမှာ ဖရိုင်းဘတ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို အင်္ဂလန်တိုက်စစ်မှူး ဆန်ချိုက ပွဲအစ ၁၂ မိနစ်မှာ သွင်းယူပါတယ်။ ဒုတိယဂိုးကို ၅၄ မိနစ်မှာ မာကိုရူးစ်က သွင်းယူပါတယ်။ ဒီပွဲမှာ ဒေါ့မွန်ရဲ့ တိုက်စစ်ကစားပုံ ပိုကောင်းခဲ့ပြီး တွဲလုံးတွေကို ဖရိုင်းဘတ် မထိန်းနိုင် ဖြစ်ခဲ့ရပါတယ်။ ဒေါ့မွန်အတွက် တတိယဂိုးကို ၇၉ မိနစ်မှာ ဂေါ်ဇီနဲ့ အပိတ်ဂိုးကိုတော့ အယ်လ်ကာဆာက ၈၇ မိနစ်မှာ ပယ်နယ်တီကတဆင့် သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဒေါ့မွန်က အမှတ်ပေးဇယားမှာ ၆၉ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဇယားထိပ်က ဘိုင်ယန်မြူးနစ်ရဲ့ နောက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up