ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ၁၂ ဦးသေဆုံး၊ ၅၀ ခန့် ဒဏ်ရာရရှိ
DVB
·
October 26, 2012
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေအတွင်း ၁၂ ဦး သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရသွားတယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ အောက်တိုဘာ ၂၄ ရက်နေ့ထိ စာရင်းဖြစ်ပြီး ဒီနေ့ထိလည်း ကျောက်တော် နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရခိုင်တိုင်ရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား တိုက်ခိုက်မှု တွေရော၊ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေပါ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် သေဆုံးဒဏ်ရာရသူ အရေအတွက် ပိုတိုးလာနိုင်ဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေနဲ့ ဇွန်လတွေမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်းမှာ လူ ၅၀ သေဆုံးပြီး ဒဏ်ရာရသူ ၅၄ ဦးရှိခဲ့တဲ့အတွက် အစိုးရတရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး သေဆုံးသူ စုစုပေါင်း ၆၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။