Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက် သံချပ်တဖွဲ့လုံးကို ပုဒ်မ ၆၆(ဃ)ဖြင့် တပ်မတော်အမှုဖွင့်
DVB
·
April 22, 2019
57652702_2693959693952640_3730012460434849792_o
တပ်မတော်ကို ထိခိုက်ပုတ်ခတ်တာတွေပါလို့ဆိုပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၂၅ ယောက်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး သက်နိုင်ဝင်းက ပုသိမ်မြို့ မရဲစခန်းမှာ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်လိုက်ပါတယ်။ သင်္ကြန်မတိုင်ခင်  ဧပြီ ၁၂ ရက်က မအူပင်မြို့မှာ သံချပ်ဖျော်ဖြေတာကို ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက်လွှင့်တင်ခဲ့အပေါ် ဆက်သွယ်ရေး ဥပဒေနဲ့ အမှုဖွင့်တာလို့ ဆိုပါတယ်။ ဒီမတိုင်ခင်ကလည်း သူတို့သံချပ်အဖွဲ့ဝင်  ၄ ယောက်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က မရမ်းကုန်းရဲစခန်းမှာ ပုဒ်မ ၆၆ (ဃ)နဲ့ ကနဦး အမှုဖွင့်ခဲ့ပြီး အဲဒီ့နောက် သံချပ်အဖွဲ့ဝင် ၆ယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ် ၅၀၅ (က) နဲ့ ထပ်မံအမှုဖွင့်ခဲ့ပြန်ပါတယ်။ ပုဒ် ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတဲ့အထဲက သူနာပြု တာဝန်ထမ်းဆောင်နေတဲ့ မကေခိုင်ထွန်းကို ဧပြီ ၁၉ ရက်က ရန်ကုန်ကလေးဆေးရုံကြီးမှာ ဖမ်းဆီးခဲ့ပြီး  ရဲစခန်းကို အမှုလာရင်ဆိုင်ပါမယ်ဆိုတယ်ခံဝန်ချက်နဲ့ ကျပ် သန်း ၁၀၀ တန်အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သမဂ္ဂ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် အဖွဲ့ဟာ သံချပ်ဖျော်ဖြေလာလာတာ (၇)နှစ်ရှိပြီဖြစ်ပြီး သံချပ်စာသားတွေကို ဆင်ဆာမတင်ခဲ့သလို နိုင်ငံရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး အကြောင်းတွေ သံချပ်ထဲမှာ ပါဝင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024