Home
မြန်မာသတင်း
မ​ကွေးမြို့နယ်​၊ ကျစ်​စုံ​ပွေးရွာတွင် အိမ် ၁၃ လုံးမီးလောင်၊ လူ ၆၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
April 22, 2019
57909090_2040172702950847_5045703076552376320_n
57583212_2040172806284170_5663682070820421632_n
57504739_2040172886284162_3966287239977107456_n
57485219_2040172686284182_6246420141165248512_n
57343493_2040172852950832_6738011489296187392_n
57317082_2040172756284175_5121492103817330688_n
မကွေးတိုင်းဒေသကြီး၊ မ​ကွေးမြို့နယ်​၊ ကျစ်​စုံ​ပွေး​ကျေးရွာမှာ ဧပြီ ၂၁ ရက်​​က မီးကြွင်းမီးကျန်​က  တဆင့် နေအိမ်​ ၁၃ လုံးနဲ့ နွားတင်းကုတ်​ ၄ လုံး မီး​လောင်​ကျွမ်းသွားပါတယ်။ မီးလောင်တာကြောင့် ခန်​မှန်း ကျပ် ၂၇ သိန်းကျပ်​ဖိုးလောက် မီး​လောင်​ဆုံးရှုံးပြီး လူဦး​ရေ ၆၁ဦး  အိုးမဲ့အိမ်​မဲ့ ဖြစ်​ကာ နီးစပ်​ရာ​ဆွေမျိုး​တွေဆီမှာ ​နေထိုင်​ကြရတယ်​လို့ မ​ကွေးတိုင်း​ မီးသတ်​ဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦး​အောင်​ဝင်းစိန်​က ပြောပါတယ်။ ကျစ်​စုံ​ပွေး​ကျေးရွာမီးလောင်မှုကို မီးသတ်​တပ်​ဖွဲဝင်​တွေ၊ လူမှု​ရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေက မီးသတ်​ကားနဲ့  ရေသယ်​ယာဉ်​ စုစု​ပေါင်း ၁၂ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်​ခဲ့ရာ မနက်​ပိုင်း ၁၁ နာရီ ၂၅ မိနစ်​မှာ မီးငြိမ်းသွားခဲ့ပါတယ်။ အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး မီးအား​ပေါ့ဆစွာ အသုံးပြုခဲ့သူ ဦးလှ​သောင်းကို ​ညောင်​ကန်​နယ်​​မြေရဲစခန်းက မီး​ပေါ့ဆမှု ရာဇသတ်​ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အ​ရေးယူထား ပါတယ်​။ မ​ကွေးမြို့နယ်​မှာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်​​ မွန်းလွဲပိုင်းကလည်း ကြို့ပင်​အင်း​ကျေးရွာမှာ မီးကြွင်းမီးကျန်​ကတဆင့် လူ​နေအိမ်​ ၃၂ လုံး မီး​လောင်​ကျွမ်းပြီး လူဦး​ရေ ၁၁၅ ဦး အိုးမဲ့ အိမ်​မဲ့ ဖြစ်​ခဲ့ပါတယ်​။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024