အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးသွားပါတယ်။ ဒီပွဲရှုံးတာကြောင့် အာဆင်နယ်ရဲ့ အဆင့် ၄ ၀င်ရေး မျှော်လင့်ချက်တွေ ထိခိုက်ခဲ့ရပါတယ်။ ဒီပွဲမှာ ပဲလေ့စ်က တိုက်စစ်မှူး ဘန်တက်ကီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ အာဆင်နယ်အတွက် ချေပဂိုးကို ၄၇ မိနစ်မှာ အိုဇေးက သွင်းယူပါတယ်။ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ် ကစားပုံ ကောင်းခဲ့ပြီး ဒုတိယဂိုးကို ၆၁ မိနစ်မှာ တိုက်စစ်မှူး ဇာဟာ၊ တတိယဂိုးကို ၆၉ မိနစ်မှာ မက်အာသာက သွင်းယူပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ ပဲလေ့စ်က ပိုရခဲ့ပါတယ်။ အာဆင်နယ်အတွက် ဒုတိယချေပဂိုးကို ၇၇ မိနစ်မှာ အူဘာမီယန်းက သွင်းယူပါတယ်။ ဒီပွဲ ရှုံးတာကြောင့် အာဆင်နယ်က ၆၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up