စေတုတ္တရာမြို့တွင် မြေငလျင် လှုပ်ခတ်
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့မှာ ဒီနေ့ နေ့လယ်က မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၃ နာရီ ၃၁ မိနစ် ၄၁ စက္ကန့်အချိန်မှာ စေတုတ္တရာမြို့ရဲ့ မြောက်ဘက် ၁၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၃ ဒီဂရီ၊ အနက် ၂၂ ကီလိုမီတာလောက်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကလေးဝမြို့မှာလည်း ဒီနေ့နေ့လယ်က အင်အား ရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။