Home
မြန်မာသတင်း
ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ၏ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈ဝ သတ်မှတ်
DVB
·
April 21, 2019
ခရစ္စတယ်ပဲလေစ့်အသင်းဟာ အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဝီလ်ဖရိုင်းဇာဟာရဲ့ ပြောင်းရွှေ့ ကြေးကို ပေါင်သန်း ၈၀ အဖြစ် တရားဝင် သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။ အာဆင်နယ်၊ စပါး၊ ဒေါ့မန်၊ အင်တာမီလန်တို့လို အသင်းတွေက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အဲဒီကစားသမားကို မန်ချက်စတာယူနိုက်တက် အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဇာဟာဟာ ထိပ်သီး ၆ သင်းစာရင်းမဝင်တဲ့ အသင်းတွေထဲက ထိပ်သီးကစားသမားတဦး အဖြစ်သတ်မှတ်ခံထားရပြီး မကြာသေးတဲ့အချိန်က ကစားသမားကိုယ်တိုင်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရရှိတဲ့အသင်းမှာ ကစားလိုကြောင်း ထုတ်ဖော်ဝန်ခံထားသူ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024