A d v e r t i s e m e n t With Us

မက္ကဆီကို ဘားဆိုင်တဆိုင်တွင် သေနတ်သမားများ ၀င်ပစ်၊ လူ ၁၃ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ ဗေရာခရုဇ်ပြည်နယ် မီနာတစ်လန်မြို့က ဘားဆိုင်တဆိုင်မှာ မိသားစု ပျော်ပွဲလုပ်နေတုန်း သေနတ်သမားတွေက လူ ၁၃ ယောက်ကို အသေပစ်သတ်ခဲ့ပါတယ်။ ဒါဟာ သမ္မတ အန်ဒရေမန်နျူယယ်လိုပဲ့ဇ်အိုဘရဒေါ လက်ထက် အဆိုးဆုံး လူသတ်မှုတွေထဲကတခု ဖြစ်လာပါတယ်။ တိုက်ခိုက်ခံရတဲ့ ဘားဆိုင် အပြင်ဘက်မှာ လူတွေ ဖက်ရင်းငိုနေပုံ ရုပ်သံတခု လူမှုကွန်ရက်မီဒီယာပေါ်မှာ ပျံ့နေပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသား ၇ ယောက် အမျိုးသမီး ၅ ယောက်နဲ့ ကလေး ၁ ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ သတ်ဖြတ်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကို သေသေချာချာ မသိရသေးပါဘူး။ အခင်းဖြစ်ပွားရာ ပြည်နယ်ဟာ နိုင်ငံတွင်း အဂတိလိုက်စားမှုနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှု အချက်အခြာ နယ်မြေဖြစ်နေတာ နှစ်ပေါင်း အတော်ကြာနေပြီလို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မက္ကဆီကို အလယ်ပိုင်းက ဂွါနာဟွာတို ပြည်နယ်မှာ မာဖီးယားဂိုဏ်းတွေကို အထူးစစ်ဆင်ရေး ဆင်နွှဲနေတာ မရပ်ခဲ့ရင် အကြမ်းဖက်မှုတွေ ဆက်လုပ်မယ်လို့ မက္ကဆီကန် မာဖီးယားတွေက သမ္မတကို ခြိမ်းခြောက်လိုက်တယ်လို့ ဒေသခံမီဒီယာတွေကို ကိုးကားပြီး စပွတ်ညစ် သတင်းဌာနက ဧပြီ  ၂၁ ရက်မှာ အစီရင်ခံခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up