A d v e r t i s e m e n t With Us

လစ်ဗျားနိုင်ငံတွင် အကြီးအကျယ် တိုက်ပွဲဖြစ်ပွား

လစ်ဗျားနိုင်ငံရဲ့ မြို့တော်ထရီပိုလီရဲ့ တောင်ပိုင်းက အယ်လ်ခယ်လာ ဒေသမှာ နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျားအစိုးရကို သစ္စာခံတဲ့တပ်တွေနဲ့ နိုင်ငံအရှေ့ပိုင်းက ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာကို သစ္စာခံတဲ့ တပ်တွေကြား ဧပြီ ၂၀ ရက်က အကြီးအကျယ် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၃ ရက်ကစပြီး ထရီပိုလီမြို့ကို ထိုးစစ်ဆင်ခဲ့တဲ့ ဟဲ့ဖှ်တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီသီတင်းပတ် အစောပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့ပါတယ်။ လစ်ဗျားရေနံရင်းမြစ် လုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ ဗိုလ်ချုပ်ကြီး ဟဲ့ဖှ်တာရဲ့ သိသာထင်ရှားတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတယ်လို့ အမေရိကန်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကိုထောက်ခံသူတွေ အားတက်ခဲ့ပေမယ့် သူ့ကို ဆန့်ကျင်သူတွေ ဒေါသထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂက အပစ်အခတ်ရပ်စဲဖို့ ဆော်သြနေပေမယ့် အနောက်အင်အားကြီး နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေက ထရီပိုလီမြို့ကို သိမ်းပိုက်ရေး ဟဲ့ဖှ်တာရဲ့ ထိုးစစ်အပေါ် သဘောထား ကွဲလွဲနေကြပါတယ်။ ဟဲ့ဖှ်တာရဲ့ လစ်ဗျားအမျိုးသား တပ်မတော် LNA က ထိုးစစ်ဆင်နေပေမယ့် မြို့တော် အခြေစိုက်တပ်ရဲ့ တောင်ဘက် ကာကွယ်ရေးစည်းကို မထိုးဖောက် နိုင်သေးပါဘူး။ စနေနေ့က အရင်နေ့တွေထက်ပိုပြီး အမြောက်သံက ပိုကျယ်သလို အကြိမ်ရေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up