ညောင်ဦးတွင် မီးလောင်ကျွမ်း၊ နေအိမ်အဆောက်ဦ ၄ လုံး ဆုံးရှုံး
DVB
·
April 21, 2019
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့မှာ ဧပြီ ၂၀ ရက်နေ့ နေ့လယ်က ရေခဲသေတ္တာဆေ့ကတ် အပူလွန်ကဲ မီးကူးစက်လောင်ကျွမ်းခဲ့လို့ အဆောက်ဦ ၄ လုံး ဆုံးရှုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ်မီးသတ်က ပြောပါတယ်။
ညောင်ဦးမြို့ အမှတ် ၆ ရပ်ကွက်၊ ဖူးချစ် ကုန်စုံဆိုင် ခြံဝန်းအတွင်း အသုံးပြုထားတဲ့ ရေခဲသေတ္တာ သုံးဆေ့ကတ် အပူလွန်ကဲပြီး ထရံကာကို မီးစတင်လောင်ကျွမ်းခဲ့ကာ အနီးရှိ နေအိမ် အဆောက်ဦတွေကို ကူးစက်ခံခဲ့ရတပါ။
စုစုပေါင်း နေအိမ်အဆောက်ဦ ၄ လုံးနဲ့ ကားဂိုဒေါင်းအတွင်း အင်ဂျင်မပါတဲ့ မတ်တူး အိမ်စီးယာဉ် တစီး ဆုံးရှုံးခဲ့ရတယ်လို့ မြို့နယ်မီးသတ် ဒုဦးစီးမှူး ဦးကောင်းထက်နိုင်က ပြောပါတယ်။
မီးသတ်ယာဉ် ၈ စီး၊ လူမှုရေးအသင်းအဖွဲ့ ရေသယ်ယာဉ် ၆ စီး၊ မီးသတ်တပ်ဖွဲ့၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဖူးချစ်ကုန်စုံဆိုင်ပိုင်ရှင် ဦးစိုးမြင့်အား ညောင်ဦးမြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)