မွန်တီကာလို မာစတာပြိုင်ပွဲတွင် လက်ရှိချန်ပီယံ နာဒယ် ရှုံးနိမ့်
DVB
·
April 21, 2019
ပြင်သစ်နိုင်ငံ မိုနာကိုမှာ ဧပြီ ၂၀ ၇က်နေ့က ယှဉ်ပြိုင်သွားတဲ့ မွန်တီကာလို မာစတာ တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အီတလီတင်းနစ်သမား ဖာဘီယို ဖော်နီနီက နာမည်ကြီး တင်းနစ်သမား ရာဖေးလ်နာဒယ်ကို အနိုင်ရသွားပါတယ်။
ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၈ ရှိတဲ့ ဖော်နီနီက အဆင့် ၂ ဖြစ်တဲ့ မြေစေးကွင်းဘုရင် နာဒယ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားတာပါ။
ဖော်နီနီဟာ ပထမပွဲကို ၆ - ၄၊ ဒုတိယပွဲကို ၆ - ၂ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။
လက်ရှိ ချန်ပီယံ မြေစေးကွင်းဘုရင် နာဒယ်ဟာ ဒီပွဲမှာ တဖက်ကစားသမားရဲ့ အကွက်ချ ရိုက်ချက်တွေကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
အီတလီ နိုင်ငံသား ဖော်နီနီဟာ မွန်တီကာလို မာစတာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။
ဖော်နီနီဟာ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၄၈ ဖြစ်တဲ့ ဆားဘီးယားတင်းနစ်သမား ဒူဆန် လာဂျိုဗစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။