A d v e r t i s e m e n t With Us

ဟံသာဝတီဦးဝင်းတင် အမှတ်တရ နေအိမ်ပြတိုက်ဖွင့်လှစ်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲနဲ့ အမှတ်တရ နေအိမ်ပြတိုက်ဖွင့်ပွဲကို ဧပြီ ၂၁ ရက် မနက်က ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဟိုင်ဆင်ဒူးဝါးလမ်းရှိ အန်အယ်ဒီ အေအိုင်ဒီအက်စ်စင်တာ(NAC)မှာ ကျင်းပပါတယ်။ အမှတ်တရအိမ်ကလေးကို ဦးဝင်းတင် မကွယ်လွန်ခင်က နေထိုင်ခဲ့တဲ့ အိမ်ပုံစံအတိုင်း ပြန်လည်ဆောက်လုပ်ထားပြီး အိမ်ထဲမှာတော့ ဟံသာဝတီသတင်းစာတွေ၊ နေ့စဉ်မှတ်တမ်း၊ ဓာတ်ပုံနဲ့ ပန်းချီကားတွေအပြင် ဦးဝင်းတင် ၀တ်ဆင်ခဲ့တဲ့ ထောင်ဝတ်စုံနဲ့ အသုံးအဆောင် ပစ္စည်းတချို့ ခင်းကျင်းပြသထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up