Home
မြန်မာသတင်း
အန်အယ်လ်ဒီ ပညာရေးနှင့် ဥပဒေရေးရာကော်မတီ တိုးချဲ့ဖွဲ့ စည်း
DVB
·
October 25, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်အရ  ဥပဒေရေးရာကော်မတီနဲ့ ပညာရေးရာကော်မတီ နှစ်ခုကို  ဒီနေ့ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ကြေညာ လိုက်ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ ပညာရေးရာကော်မတီမှာ ဦးဟံသာမြင့်၊ ဒေါက်တာသိန်းလွင်၊ စာရေးဆရာ ကိုတာ၊ ဦးမိုးဇော်ဦး စသူတို့ပါဝင်ပြီး ဥပဒေရေးရာ ကော်မတီမှာ တရားလွှတ်တော်ရှေ့နေတွေဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးမျိုးညွန့်၊ ဦးကိုနီ၊ ဦးဌေးဦး၊ ဦးရဲထွန်းနဲ့ ဦးမောင်ဖေတင်တို့ ပါဝင်ပါတယ်။ [caption id="attachment_32356" align="alignleft" width="300" caption="ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အမေ့ရင်သွေး အခမဲ့ ပညာဒါနကျောင်း"][/caption] ပညာရေးရာ ကော်မတီဝင်တဦးဖြစ်တဲ့ ဒေါက်တာ သိန်းလွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တက္ကသိုလ်ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးတွေအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းတာလို့ ရှင်းပြပါတယ်။ “ပညာရေးပြုပြင်ပြောင်းလဲရေးမှာ အကြံပေးဖို့ပါ။ ပထမအဆင့်ကတော့ တက္ကသိုလ်ဥပဒေကြမ်းပေါ့၊ အဲအပေါ် အကြံပေးဖို့။ နောက်ပိုင်းမှာ ပညာရေးကိစ္စတွေ အကြံပေးဖို့ပါ။ ပညာရေးလုပ်ငန်းတွေ၊ အန်အယ်လ်ဒီမှာလုပ်နေတဲ့ ပညာဒါနကျောင်းတွေရှိတယ်လေ။ အဲဒါတွေ ဆောင်ရွက်ဖို့။ ဒေါ်အောင်ဆန်းစုကြည်က အသက်မွေးဝမ်းကျောင်း ပညာရေးတွေ လုပ်တယ်လေ။ အဲအပေါ်မှာလည်း ကူညီဖို့ပါ။” ရေးရာကော်မတီသစ် ၂ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် မဟုတ်သူတွေ ပါဝင်တဲ့အပေါ် ဥပဒေရေးရာ ကော်မတီဝင် ရှေ့နေ ဦးကိုနီက အခုလိုပြောပါတယ်။ “ကျနော်တို့က ပိုကြိုက်သေးတယ်။ ပါတီအနေနဲ့ဆိုတာက ပါတီရဲ့ လမ်းညွှန်မှု၊ မူဝါဒအောက်မှာ သွားရတာထက် ကျနော်တို့က လွတ်လွတ်လပ်လပ်ကိုပိုကြိုက်တယ်။ ကျနော်တို့ကလည်း ပညာရှင်အနေနဲ့ပဲ ရပ်တည်မှာဆိုတော့ လွတ်လပ်တာ ပိုကြိုက်တယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျန်းမာရေးကော်မတီကိုလည်း မကြာခင် ဖွဲ့စည်းသွားဖို့ ရှိနေပြီး စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် စတဲ့ ဘာသာရပ်အသီးသီးနဲ့ သက်ဆိုင်တဲ့ ကော်မတီတွေကိုလည်း ဆက်လက်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024