A d v e r t i s e m e n t With Us

လစ်ဗျားလက်နက်ကိုင်တပ်မှူးနှင့် သမ္မတထရမ့် ဖုန်းပြောခဲ့သည့်အပေါ် လူ ၂၀၀၀ ကျော် ဆန္ဒပြ

လစ်ဗျားလက်နက်ကိုင်တပ်မှူး ဟက်ဖ်တာကို သမ္မတ ထရမ့် ဖုန်းခေါ် ပြောဆိုခဲ့တဲ့အပေါ် ဧပြီ ၁၉ ရက်နေ့က မြို့တော် ထရီပိုလီမှာ လူ ၂၀၀၀ ထက်မနည်း ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက အင်္ကျီဝါတွေ ၀တ်ပြီး လစ်ဗျားပြည်တွင်းရေးမှာ အီဂျစ်၊ ပြင်သစ် နဲ့ ဆော်ဒီအပါအ၀င် နိုင်ငံခြားတိုင်းပြည်တွေ ၀င်စွက်ဖက်တာကို ဆန့်ကျင်ခဲ့ပါတယ်။ သမ္မတ ထရမ့်ဟာ လစ်ဗျားတပ်မှူး ဟက်ဖ်တာကို ဖုန်းနဲ့ဆက်သွယ်ပြိး အကြမ်းဖက်နှိမ်နင်းရေး ကြိုးပမ်းချက်တွေ ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြားပြိးနောက်တနေ့မှာ ဆန္ဒပြပွဲ ဖြစ်ခဲ့တာပါ။ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ထရမ့်က အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ လစ်ဗျားရေနံမြေတွေ  သိမ်းပိုက်ရာမှာ ဟက်ဖ်တာရဲ့အခန်းကဏ္ဍ အရေးကြီးတာကို အသိမှတ်ပြုပြီး လစ်ဗျားနိုင်ငံမှာ တည်ငြိမ်တဲ့ ဒီမိုကရေစီ အသွင်ကုးပြောင်းရေး ဖြစ်ဖို့ အမြင်ချင်းတူညီတဲ့အပေါ်  ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။ လစ်ဗျားပြည်သူတွေအပေါ် ရာဇ၀တ်မှု ကျူးလွန်တာနဲ့ တပ်မှူး ဟက်ဖ်တာကို ထောက်ခံတာကို ပြစ်တင်ရှုတ်ချတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ ဒါ့အပြင် လစ်ဗျားအခြေအနေကို ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ ကုလသမဂ္ဂ မစ်ရှင်ကိုလည်း ပြစ်တင်ရှုတ်ချတယ်လို့ သူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up