Home
မြန်မာသတင်း
အောင်မြေသာစံမြို့နယ်တွင် မီးလောင်၊ နေအိမ် ၇ လုံးနှင့်ဆိုင်ကယ် ၂ စီး ဆုံးရှုံး
DVB
·
April 21, 2019
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၀ လမ်းနဲ့ ၁၁လမ်း၊ ၇၄လမ်းနဲ့ ၇၅လမ်းကြားမှာရှိတဲ့ ပိုင်ရှင် ဦးမြင့်ဇော်ရဲ့ နေအိမ်မှာ ဧပြီ ၂၀ ရက် ညနေက မီးလောင်ခဲ့ပါတယ်။ နေအိမ်အပေါ်ထပ်မှာရှိတဲ့ ပလပ်ခုံအပူလွန်ကဲ (Over Heat) ရာမှ ပလပ်ခုံအောက်ရှိ အိပ်ယာလိပ်ပေါ်ကို စတင် ကူးစက်လောင်ကျွမ်းရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်မှုကြောင့် နေအိမ် ၇ လုံး၊ ဆိုင်ကယ် ၂ စီးနဲ့ အတွင်းပစ္စည်းတွေ မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၆ သိန်းကျော် ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ မီးဘေးဒုက္ခသည်တွေကို အောင်မြေသာစံမြို့နယ်ရှိ ဘောစနဓမ္မာရုံမှာ ဒုက္ခသည်စခန်း ဖွင့်ထားပေးပါတယ်။ မီးလောင်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ အမှတ် ၂ ရဲစခန်းက  ဦးမြင့်ဇော်ကို အမှုဖွင့်အရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024