မန်ယူက တိုက်စစ်မှူး လူကာကူကို ရောင်းထုတ်တော့မည်

1.2K
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ရောင်းထုတ်တော့မယ်လို့ သိရပါတယ်။
လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၃ နှစ်စာချုပ်ကျန်ရှိသေးပေမယ့် ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ရောင်းထုတ်ဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။
လူကာကူအနေနဲ့ ပေါင် ၇၅ သန်းအပြင် အခြားခံစားခွင့် ၁၅ သန်းပါပါတဲ့ စာချုပ်နဲ့ ၂၀၁၇ ခုနှစ်က မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာပါ။
လူကာကူဟာ တပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ထိရရှိနေပြီး ကစားထားခဲ့တဲ့ ၉၃ ပွဲမှာ ၄၂ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။
လူကာကူကို အီတလီအသင်းအများစုကလည်း စိတ်ဝင်စားနေပြီး ကစားသမားဘက်ကလည်း ဂျူဗင်တပ်စ်၊ အင်တာမီလန်တို့လို အသင်းတွေကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။