Home
မြန်မာသတင်း
ဘူးသီး​တောင်​မြို့နယ်တွင် ပိတ်​မိ​နေသည့် သက်​ကြီးရွယ်​အိုများကို စတင်​ကယ်​ထုတ်
DVB
·
April 20, 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်​​ကျေးရွာမှာ ပိတ်​မိ​နေတဲ့ သက်​ကြီးရွယ်​အိုတွေကို ဧပြီ ၂၀ ရက်မနက်ပိုင်းက စတင်​ကယ်​ထုတ်​​နေတယ်လို့ ဘူးသီ​တောင်​မြို့နယ်​ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရဲသိန်းက အတည်​ပြု​ပြောကြားပါတယ်​။ ဧပြီလ ၁၉ ရက်နေ့က စံဂိုး​ထောင်​​၊ နွားရုံတောင်​​၊ ဥယျာဉ်​သာ ​စတဲ့ကျေးရွာတွေအနီးမှာ တပ်​မ​တော်​က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်လို့ ​ဒေသခံတွေဟာ နီးစပ်​ရာ​ကျေးရွာတွေနဲ့ စစ်​​ဘေး​ရှောင်​စခန်းတွေကို ထွက်​​ပြေးသွားခဲ့ကြပြီး မသွားနိုင်​မလာနိုင်​တဲ့ သက်​ကြီးရွယ်​အို​တွေကို ​နေအိမ်တွေမှာ ဒီအတိုင်းပစ်ထားခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရဲသိန်းက “ကျနော်တို့ မ​နေ့က မွန်းလွဲ ၂ နာရီလောက်မှာ ပိတ်​မိ​နေတဲ့ သက်​ကြီးရွယ်​အို​တွေနဲ့ ​ကျေးရွာသူ/သားများကို ကယ်​ထုတ်​ဖို့​ သွားကြတယ်။ သွားတဲ့ အချိန်​မှာ ၅၅၁ တပ်​ရင်းကို အ​ကြောင်းကြားပြီး သွားခွင့်​တောင်းပါတယ်​။ သွားခွင့်​ပြုတဲ့အတွက်​ သွားကြတာပါ။ ၃၁ ဘုံဘုရား အလွန်​​ရောက်​​တော့ တပ်​မ​တော်​က လက်​နက်​ကြီး​တွေ အဆက်​မပြတ်​ ပစ်ခတ်​​နေတာ​ကြောင့်ပါ။ တိုက်​ပွဲဖြစ်​တာလည်းမရှိပါဘူး။ အဘိုးအဘွား​တွေ အခုအချိန်​အထိ ဘာမှ မစားရ​သေးပါဘူး။ မျက်​မမြင်​အဘိုးတဦးပါတယ်။ ဒီ​နေ့ မနက်​ပိုင်းကစပြီး ဘူးသီး​တောင်​မြို့နယ်​ ကြက်​​ခြေနီအဖွဲ့ရယ်​ ဘူသီး​တောင်​မှ WDAB ပရဟိတ္တလူငယ်​လူငယ်​များနဲ့ သွားလာဖို့ ခက်​ခဲ့တဲ့ သက်​ကြီးရွယ်​အိုတွေ၊ မျက်​မမြင်​အဘိုးအဘွားတွေကို စတင်​ကယ်​ထုတ်​​နေပါတယ်​။ ​နောက်​လည်း ကျန်​​နေပါ​သေးတယ်​။ ရွာ​က အိမ်​​စေ့ ရှာ​ဖွေ​နေရပါတယ်​။ အခု သက်ကြီးရွယ်​အို ၅ ဦးကို ကား​ပေါ်တင်​​နေပါတယ်။ ထိခိုက်​ဒဏ်​ရာရသူမရှိပါဘူး နောက်​ စံဂိုး​ထောင်​​ကျေးရွာနဲ့ ဥယျာဉ်​သာ​ကျေးရွာတွေကိုလည်း သွား​ရောက်​နိုင်​ဖို့စီစဉ်​မှာပါ။” စံဂိုး​ထောင်​​ကျေးရွာ၊ ဥယာဉ်​သာ၊ သျှရှား​တောင်​စတဲ့ ​ကျေးရွာတွေမှာလည်း သက်​ကြီးရွယ်​အိုတွေ ပိတ်​မိ​နေ​ကြောင်း သိရပါတယ်​။ ဒီကိစ္စနဲ့ ပတ်​သက်​ပြီး တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်​မှူးချုပ်​​ ဇော်​မင်းထွန်းကို ဧပြီလ ၁၉ ​နေ့က ဒီဗွီဘီက ဖုန်းဆက်​​မေးမြန်​ရာမှာ တိုက်​ပွဲဖြစ်​တာ မရှိကြောင်းနဲ့ နွားရုံ​တောင်​ကိစ္စက​တော့ မသိ​သေးဘဲ သိရင်​​ပြော​ပေးပါမယ်​လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ စံဂိုး​ထောင်​​ကျေးရွာအုပ်​စုမှာ ​ကျေးရွာ​ပေါင်း ၆ ရွာရှိပြီး စုစု​ပေါင်​ အိမ်​​ခြေ ၆၀၀ ကျော်၊ လူဦး​ရေ ၃၀၀၀ ​ကျော် ​နေထိုင်ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင် ၂ သောင်းခွဲလောက် တိမ်းရှောင်နေကြပါတယ်။ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဝေဟင်ကနေ ပစ်ခတ်မှုတွေလည်း ရှိနေတာမို့ ဒေသခံတွေ စိုးရိမ်တကြီး ကြောက်လန့် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024