အင်တာမီလန်နှင့် ဂျုဗင်တပ်တို့ တိုက်စစ်မှူး အလဲအလှယ်လုပ်မည့်သတင်းထွက်ပေါ်

အသင်းက​နေ ထွက်​ခွာချင်​​နေတဲ့ တိုက်​စစ်​မှူး အိုင်​ကာဒီကို အင်တာမီလန်အသင်းက ဂျူဗင်​တပ်​စ်​တိုက်​စစ်​မှူး ဒီဘာလားနဲ့ အလဲအလှယ်​ပြုလုပ်​ပြီး ​ပြောင်း​ရွှေ့ခွင့်ပေး​တော့မယ်​ဆိုတဲ့ သတင်း​တွေ ထွက်​​ပေါ်လာပါတယ်​။ အင်​တာမီလန်​တိုက်​စစ်​မှူး အိုင်​ကာဒီဟာ အသင်းနဲ့ အဆင်​မ​ပြေဖြစ်​​နေပြီး ပွဲထွက်​ကစားခွင့်မရတာ ၂ လရှိပြီဖြစ်​ပါတယ်​။ တ​ဖက်​မှာ ဒီဘားလားကလည်း အသင်းအတွက်​ ဂိုးတချို့ သွင်းယူ​ပေးထား​ပေမယ့် စိတ်​​ကျေနပ်​စရာ​ ကောင်း​လောက်​​အောင်​ စွမ်း​ဆောင်​ထားနိုင်​ခြင်းမရှိလို့ ​ဂျာအိုဖီးလ်​လစ်​၊ မိုဟာမက်​ဆာလာတို့လို တိုက်​စစ်​မှူး​တွေကို​ခေါ်ယူဖို့ ဂျူဗင်​တပ်​စ်​က ပစ်​မှတ်​ထား​နေတာပါ။ အီတလီမီဒီယာ​တွေရဲ့ ​ရေးသားချက်​​တွေအရ ကလပ်​နှစ်​ခုဟာ ​ပြောင်း​ရွှေ့တဲ့ကိစ္စမှာ သ​ဘော တူညီမှုရရှိပြီးဖြစ်​တယ်​လို့ သိရပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up