A d v e r t i s e m e n t With Us

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း မေ ၁ ရက်မှစပြီး တလမ်းမောင်းစနစ် သုံးမည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် လက်ရှိသွားတဲ့ ယာဉ်လမ်းကြောင်း နှစ်လမ်းမောင်းစနစ်ကနေ မေလ ၁ ရက်နေ့ကစပြီး တလမ်းမောင်းစနစ်အဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ ဆေးရုံအုပ် ဒေါ်ခင်သိင်္ဂီမြင့်က ပြောပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ဆေးရုံအရေးပေါ်ရှေ့ လမ်းမတော်လမ်းက အဝင်အထွက်အပေါက်ကို အဝင်လမ်းသာ ခွင့်ပြုပြီး အနော်ရထာလမ်းဘက်ကို အထွက်လမ်းဖွင့်လှစ်ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံကြီး မျက်နှာစာအရှေ့ဘက် ဗိုလ်ချုပ်လမ်းကို အဝင်နဲ့ အထွက်လမ်း၊ ရွှေတိဂုဘုရားလမ်းဘက်အခြမ်းကိုလည်း အဝင် အထွက်လမ်းအဖြစ် ထားရှိပေးသွားမှာဖြစ်ပြီး မနက် ၅ နာရီကနေ ည ၈ အထိ ယာဉ်တွေ သွားလာခွင့်ပေးမယ်ဆို ဆေးရုံအုပ်က ပြောပါတယ်။ အခုလို ဆေးရုံဝင်းအတွင်း တလမ်းမောင်းစနစ် ပြောင်းလဲတာကိုတော့ မြို့နယ် ယာဉ်ထိန်းရဲ့တပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်တာလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up