A d v e r t i s e m e n t With Us

စစ်တွေတွင် KTV စားသောက်ဆိုင် မီးလောင်၊ နေအိမ်အဆောက်အဦ ၃ လုံး ဆုံးရှုံး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့မနက်အစောပိုင်းက KTV စားသောက်ဆိုင်ကနေ မီးလောင်ကျွမ်းခဲ့တာကြောင့် အဆောက်အဦ ၁ လုံးနဲ့ လူနေအိမ် ၂ လုံး ဆုံးရှုံးခဲ့ပါတယ်။ ဧပြီ ၁၉ ရက် မနက် ၃ နာရီကျော်ချိန်က ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကန်တော်ကြီးအကွက်၊ မေယုလမ်း၊ ကျော် (KTV) စားသောက်ဆိုင်ရဲ့ အနောက်ဘက် မီးသွေးဖိုမှတဆင့် အနီးရှိ ၀ါးထရံကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ မီးလောင်ကျွမ်းမှုကို ပြည်နယ်နဲ့ ခရိုင်မီးသတ်ဦးစီးဌာနတို့က သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အယောက် ၇၀၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ မီးသတ်ရေသယ်ယာဉ် ၄ စီး အုပ်ချုပ်မှုယာဉ် ၁ စီးနဲ့ သွားရောက်ငြိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း အဆောက်အဦ ၁ လုံး၊ လူနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးဘေးဒုက္ခသည် ၅ ဦးကို နီးစပ်ရာဆွေမျိုးတွေဆီမှာ နေရာချထားပေးပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ လောက်ရှိတယ်လို့ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up