A d v e r t i s e m e n t With Us

အေဂျက်နှင့် ကစားမည့် ချန်ပီယံလိဂ်ဆီမီး ပကျော့ကို ဆွန်ဟောင်မင် လွဲချော်မည်

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ အေဂျက်နဲ့ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ မန်စီးတီးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိ့်မ်ခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အဝါကတ် ပြသခံခဲ့ရပြီး သုံးကြိမ်မြောက် အဝါကတ် ဖြစ်တာကြောင့် တပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။ အေဂျက်နဲ့ ပထမအကျော့ပွဲစဉ်မှာ ပွဲပယ်ခံထားရတာနဲ့ ပတ်သက်ပြီး ဂျာနယ်လစ်တဦးက ပွဲအပြီးမှာ မေးမြန်းခဲ့ပေမယ့် ပွဲပယ်ခံရမယ်မှန်း မသိရှိခဲ့ဘူးလို့ ဆွန်ဟောင်မင်က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ မန်စီးတီးနဲ့ပွဲမှာ ဟယ်ရီကိန်းရဲ့တာဝန်ကို အပြည့်အဝယူခဲ့ပြီး အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ချီးကျုးခဲ့ပါတယ်။ စပါးအသင်းဟာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဆွန်ဟောင်မင် ပွဲပယ်ခံရမယ့် အခြေအနေက သတင်းဆိုးတခု ဖြစ်ခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ အေဂျက်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် နှစ်ကျော့စလုံးကို လွဲချော်မှာဖြစ်ပြီး ဗိုလ်လုပွဲတက်ခဲ့မယ် ဆိုရင်တော့ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up