အဆောက်အဦ မီးရှို့ပြီး လူ ၅ ဦးကို ဓားဖြင့်ထိုးခဲ့သူအား တောင်ကိုရီးယားရဲ စစ်ဆေး

ဓာတ်ပုံ - Park Jung-hwan/Yonhap via AP
တောင်ကိုရီးယားရဲတွေဟာ တိုက်ခန်းတွဲ အဆောက်အဦကို မီးရှို့ပြီး အိမ်နီးချင်း ငါးယောက်ကို ဓားနဲ့ အသေထိုးသတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသားကို ဧပြီ ၁၈ ရက်က စစ်ဆေးမေးမြန်းနေပါတယ်။ ဒီအကြမ်းဖက်မှုဟာ နိုင်ငံတလွှား ထိတ်လန့်ချောက်ချားစေခဲ့တာပါ။ နိုင်ငံအရှေ့တောင်ပိုင်း ဂျင်းဂျုမြို့မှာ ဧပြီ ၁၇ ရက်က အမျိုးသားတဦးဟာ သူ့ဧည့်ခန်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ထားတဲ့ သတင်းစာတွေ လွှင့်ပစ်ရင်း မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။ အဲဒီနောက် မီးဘေးက ထွက်ပြေးဖို့ ကြိုးစားတဲ့ တိုက်ခန်းမှာ နေသူတွေကို ဓားနဲ့ လိုက်ထိုးခဲ့လို့ ငါးယောက်သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရခဲ့တယ်၊ တခြားလူ ၇ ယောက်က မီးခိုးရှူမိလို့ ကျန်းမာရေး ထိခိုက်ခဲ့တယ်လို့ ဂျင်းဂျု ရဲစခန်းမှူး လီဟွေးဆွခ်က ပြောပါတယ်။ တိုက်ခိုက်သူ အမျိုးသားဟာ စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ သမိုင်းရှိပြီး သူ့ကိုသတ်ဖို့ ကြိုးစားတဲ့သူတွေဆီကနေ သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်တာလို့ စုံစမ်းစစ်ဆေးသူတွေကို ပြောခဲ့ပါတယ်။ အရင်က အိမ်နီးချင်းတွေနဲ့ ပဋိပက္ခဖြစ်ဖူးပြီး အကြမ်းဖက်မှု နောက်ကြောင်း ရှိတယ်လို့ သိထားတဲ့ လူတယောက်ကို သင့်တော်အောင် စောင့်မကြည့်ဘဲ ပျက်ကွက်မှုအတွက် တောင်ကိုရီးယားဝန်ကြီးချုပ်က ရဲတွေကို ကြာသပတေးနေ့မှာ ဝေဖန် ပြစ်တင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up