အင်းတော်တွင် ကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ ငွေကျပ်သိန်း ၉၆၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၁၇ ရက် ည ၁၁ နာရီခွဲလောက်က နဘားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နဘားလမ်းခွဲမှာ ဇော်မင်းဦး (ခ) ဇော်မင်း မောင်းနှင်လာတဲ့ VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာရာမှ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တာပါ။ မော်တော်ယာဉ်ရဲ့ ကြမ်းခင်းအံဝှက်အတွင်းမှ ဆပ်ပြာခွက် ၆၆၀ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြားနဲ့ ငွေ ၂၀၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။ ဇော်မင်းဦး (ခ) ဇော်မင်း (၂၉) နှစ်အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up