ဖြုတ်ချခံခဲ့ရသည့် ဆူဒန်သမ္မတ၏ ညီအစ်ကို ၂ ဦးအား ဖမ်းဆီး

1.9K
ဆူဒန်သမ္မတရာထူးက ဖြုတ်ချခံခဲ့ရတဲ့ အိုမာ အယ်လ် ဘာရှာရဲ့ ညီအစ်ကိုနှစ်ဦးကို ဖမ်းလိုက်ပြီလို့ ဆူဒန် စစ်ဘက်အုပ်ချုပ်ရေး အရာရှိတွေက ဧပြီ ၁၇ ရက်နေ့မှာ ပြောပါတယ်။
စစ်အစိုးရဟောင်းနဲ့ ပတ်သက်သူတွေကို လိုက်ဖမ်းနေတဲ့ လှုပ်ရှားမှုအတွင်း အဲဒီညီအစ်ကိုနှစ်ဦးကို ဖမ်းခဲ့တာပါ။
အာဏာရပါတီဟောင်းနဲ့ ဆက်နွှယ်တဲ့ တရားမဝင် တပ်ဖွဲ့တွေကိုလည်း စစ်တပ်အောက် ဒါမှမဟုတ် ရဲဌာနအောက် ရွှေ့လိုက်ပြီလို့ အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီရဲ့ ပြောခွင့်ရတဦးက ပြောပါတယ်။
ဘာရှာဟာ ၁၉၈၉ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ အာဏာရလာခဲ့တာပါ။ ဒါပေမယ့် သူ့ကို စစ်တပ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတရာထူးက ဖြုတ်ချခဲ့ပါတယ်။
ဘာရှာကို သမ္မတရာထူးက ဖြုတ်ချပြီးနောက် ၂ နှစ်အတွင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်တပ်က ကတိပြုထားပါတယ်။
ဒါပေမယ့် ဆူဒန်ပြည်သူတွေကတော့ လမ်းပေါ်ထွက် ဆန္ဒပြနေကြပြီး အရပ်သား ကြားဖြတ်အစိုးရကို အာာဏာပေးဖို့ တောင်းဆိုနေကြပါတယ်။