A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်ဆီမီးတွင် ဘာစီလိုနာနှင့် ရင်ဆိုင်ရသည့်အတွက် ပျော်ရွှင်ကြောင်း လီဗာပူးနည်းပြ ပြော

ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ကစားရမှာကို ကျေနပ်ပျော်ရွှင်မိတယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပေါ်တိုအသင်းကို အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီးနောက် ဆီမီးဖိုင်နယ်ကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ လီဗာပူးတို့ ပြိုင်ပွဲတခုမှာ တွေ့ဆုံရတာဟာ အမှန်တကယ် ကောင်းမွန်တဲ့ သတင်းဖြစ်ပြီး ကောင်းမွန်တဲ့ပြိုင်ပွဲ ဖြစ်လာမယ်လို့ ကလော့ပ်က ဆိုပါတယ်။ ဆီမီးဖိုင်နယ်ကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဟာ ကြီးမားတဲ့ ဖော်ပြချက်ဖြစ်ပြီး ဘာစီလိုနာကို ကျော်ဖြတ်ပြီး ရှေ့ဆက်သွားချင်တယ်လို့လည်း ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ် အခြေအနေမှာတော့ တနင်္ဂနွေနေ့မှာ ကစားရမယ့် ကာဒစ်နဲ့ပွဲကိုပဲ အာရုံစိုက်ရမှာဖြစ်ပြီး ဘာစီလိုနာနဲ့ ပွဲအတွက်တော့ ပြင်ဆင်ချိန် လုံလောက်စွာ ရရှိမှာဖြစ်တယ်လို့ ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up