တောင်ကြီးနှင့် မြစ်ကြီးနားတွင် မီးလောင်
DVB
·
October 25, 2012
ရှမ်းပြည်နယ် တောင်ကြီးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွေမှာ ဒီနေ့မနက်က မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာ မီးသတ်ဌာနတွေက ပြောပါတယ်။
တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ ၀န်ထမ်းအိမ်ရာမှာ ရိုးရာမီးပုံးပျံပွဲအတွက် ပြင်ဆင်ရင်း ဒီနေ့ မနက် ၁၀ နာရီလောက်က မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ၂ ခန်းတွဲအိမ် ၁ လုံး ပျက်စီးဆုံးရှုံးသွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။
မီးပေါ့ဆမှုကြောင့် နတ်စောင်း မီးပုံးပျံအဖွဲ့ခေါင်းဆာင် ဦးသက်နိုင်ထူးကို တိုင်ချက်ဖွင့်ထားတယ်လို့ မြို့နယ်မီးသတ်ဌာန ဒု-ဦးစီးမှူး ဒေါ်ရီရီလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမှာတော့ ဒီမနက် ၂ နာရီလောက်က မြစ်ကြီးနားလေဆိပ် ဈေးဆိုင်ခန်းတခုမှာ လောင်ကျွမ်းခဲ့တယ်လို့ မြို့နယ် မီးသတ်ဝန်ထမ်းတဦးက ပြောပါတယ်။
မီးအားမြှင့်စက် အသုံးပြုရာကနေ အပူလွန်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မြစ်ကြီးနား မီးသတ်ဌာနက ပြောပါတယ်။