Home
မြန်မာသတင်း
မောင်​​တောမြို့နယ် ကျေးရွာ ၃ ရွာတွင် ရေရှားပါးသဖြင့် အခက်အခဲကြုံတွေ့ (ရုပ်သံ)
DVB
·
April 18, 2019
ရခိုင်ပြည်နယ် ​မောင်​​တောမြို့နယ်​ ​တောင်​ပိုင်း သာယာကုန်း၊ မကျည်​ကုန်းနဲ့ ​ငွေ​တောင်​ ကျေးရွောတွေမှာ​ ​နွေရာသီ ​ရေရှားပါးတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံ​​တွေ့နေကြ ပါတယ်။ သာယာကုန်းရွာနေ ​ဒေါ်ဦးစိန်​နုက "ကျမတို့ရွာမှာ ​ရေတွင်း​လေးခုက ​ရေကို တ​ရွာလုံးက ​နေ့ပါ ညပါ ​​ရေထွက်​ချိန်ကို ​စောင့်ပြီး​ ရေခတ်​​နေရတာပါ။ ​ရေတွင်း​တွေ တူးမရပါ၊ ​မြေ​အောက်​မှာ ​ကျောက်​ထပ်​ရှိတယ်​" လို့​ ပြောပါတယ်။ "​​နွေရာသီ​ရောက်​ရင်​ ရေနဲ့ ဒုက္ခအလွန်​​ရောက်​ပါတယ်​။ ​ရေတွင်း​တွေ များစွာတူးကြပါတယ်၊ ​​ရေကမထွက်​ပါ ​ရေထွက်​တဲ့ တွင်းတတွင်းက ရွာလုံးကျွတ်​ကို မလုံ​လောက်​ပါ။ တ​အိမ်​ကို ​ရေတ​ဘူးရဖို့မလွယ်​ဘူး။ အ​ဝေးက သွားပြီး ​ရေ၀ယ်​ယူသုံးစွဲး​နေရပါတယ်​" လို့ သာယာကုန်း​ကျေးရွာနေ ​​ဒေါ်မရီက ပြောပါတယ်။ ရွာလူကြီး ဦး​အောင်​​ကျော်​စိန်​က "​သောက်​​ရေ သုံး​ရေ အလွန်​အခက်​အခဲဖြစ်​​နေပါတယ်​။ ပြည်​သူလွှတ်​​တော်​အမတ်​ လှထွန်းကို​တော့ တင်​ပြတာရှိပါတယ်၊​ ကြာပါပြီ။ ဘာမှ ပြန်​အ​​ကြောင်းမကြားပါဘူး” လို့ ​ပြောပါတယ်​။ ​​နွေရာသီ ​ရေရှားပါတဲ့ ​ကျေးရွာတွေကို မောင်​​တောခရိုင်​မီးသတ်တပ်ဖွဲ့က ​ရေသည်​ကားတွေနဲ့  သောက်ရေ သုံးရေတွေ ဖြန့်​​ဝေ​ပေးနေတယ်လို့ ​မောင်​​တောခရိုင်​မီးသတ်​ဦးစီးမှူးရုံး မီးသတ်​ဦးစီးမှူး ဦးသန့်​ဇင်​က ပြောပါတယ်။ ​သောက်​​ရေသုံး​ရေ အခက်​​တွေ့​နေတဲ့ ​သာယာကုန်း​၊ ငွေတောင်နဲ့ မကျည်းကုန်း ကျေးရွာတွေမှာ လူဦးရေ ၁၀၀၀ လောက် နေထိုင်ကြတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024