A d v e r t i s e m e n t With Us

ချန်ပီယံဆုဖလားများကို စိန်ခေါ်နိုင်သည့် အသင်းဖြစ်ရန် စပါးနည်းပြ မျှော်လင့်

ကြီးမားတဲ့ကွင်းသစ် တည်ဆောက်နိုင်ခဲ့မှုနဲ့အတူ ချန်ပီယံဆုဖလားတွေကိုလည်း စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် တည်ဆောက်ဖို့ စပါးနည်းပြ ပိုချက်တီနိုက မျှော်လင့်နေပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့လပိုင်းက ပရိသတ် ၆ သောင်း ၂ ထောင်ကျော် ဝင်ဆန့်တဲ့ ဝှိုက်ဟတ်လိန်းကွင်းသစ်ကို ပေါင် ၁ ဘီလီယံ အကုန်ကျခံပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လို အဆင့်အတန်းရောက်ဖို့ ခက်ခဲနိုင်ပေမယ့်လည်း ကွင်းသစ်တည်ဆောက်နိုင်ခဲ့တာက အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပေးနိုင်ခဲ့ပြီး အနာဂတ်မှာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် တည်ဆောက်သွားချင်တယ်လို့ နည်းပြ ပိုချက်တီနိုက ဆိုပါတယ်။ စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ထားမယ်ဆိုရင်တော့ ကစားသမားတွေခေါ်ဖို့ လိုအပ်သလို ကွဲပြားတဲ့ ဘတ်ဂျက်ငွေ ရှိဖို့လည်း လိုအပ်တယ်လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ၄-၅ နှစ်လောက်အတွင်းမှာ တခြားအသင်းတွေထက် နည်းပါးတဲ့ ဘတ်ဂျက်ငွေကြေးနဲ့ လည်ပတ်ခဲ့ရပြီး အခုလိုအဆင့်အထိ ရောက်ရှိနေတာဟာ အနိုင်ရဖို့အတွက် နှစ်သက်မြတ်နိုးတာကြောင့် ဖြစ်တယ်လို့လည်း ပိုချက်တီနိုက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up