A d v e r t i s e m e n t With Us

တရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်သွားသည့် LSD အဖွဲ့သီချင်းသစ် – No New Friends (ရုပ်သံ)

နာမည်ကြီး အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ LSD အဖွဲ့ရဲ့ သီချင်းသစ် No New Friends ဟာ ထွက်ရှိလာပြီး တရက်အတွင်းမှာတင် ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ LSD အဖွဲ့ဆိုတာ တကယ်တော့ အဆိုတော်အသစ်တွေမဟုတ်ဘဲ နာမည်ကြီး အနုပညာရှင် ၃ ဦးရဲ့ နာမည်အစ စာလုံးတွေကို ပေးထားခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကမှ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ L ဆိုတာကတော့ အသက် ၃၀ အရွယ် အဆိုတော် Labrinth ဖြစ်ပြီး ဒီအဖွဲ့ကို စတင်ဖွဲ့စည်းဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။ S ကတော့ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်မယ့် အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ အဆိုတော် Sia ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ မျက်နှာတဝက်ဖုံးလုမတတ် ဆံပင်တုကြီးနဲ့ ဖဲပြားအကြီးကြီးတွေကို ခေါင်းပေါ်မှာ အမြဲတပ်ဆင်ထားလေ့ရှိပြီး ဆန်းပြားတဲ့ တင်ဆက်ပုံတွေနဲ့ ဖျော်ဖြေလေ့ရှိတာမို့ သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။ D ကတော့ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အမေရိကားက နာမည်ကြီး ဒီဂျေအကျော်အမော် Diplo ဖြစ်ပါတယ်။ သူတို့ ၃ ဦး ပူးပေါင်းဖန်တီးခဲ့ကြပြီး မနှစ်က ထွက်ရှိခဲ့တဲ့ Thunder Clouds သီချင်းဟာလည်း လက်ရှိအချိန်ထိ ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၃၀၀ ကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ခုလတ်တလော ထွက်ရှိခဲ့တဲ့ No New Friends သီချင်းသစ်မှာလည်း သူတို့ ၃ ဦးရဲ့ မြူးကြွတဲ့ အရောင်စုံတင်ဆက်မှုတွေ၊ ဆန်းသစ်တဲ့ Dance၊ Pop ဆန်ဆန် သီဆိုသရုပ်ဆောင်မှုတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ တရက်အတွင်း ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up