သင်္ကြန်ယိမ်းအကမယ် ၂ ဦးအား ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသူကို ဖမ်းမိ

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ လူသတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံလို့ ယူဆရသူကို ဧပြီ ၁၇ ရက်နေ့ ညနေ ၆ နာရီက ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းကသိရပါတယ်။ ဧပြီ ၁၂ ရက်ညနေ့က သက်ပိုင်ဦးဆိုသူဟာ စိမ်းမြောက်ဓမ္မာရုံမှာ သင်္ကြန်ယိမ်းအကတိုက်ဖို့ လာကြတဲ့ မေမီနှင်းနဲ့ စကားများပြီး ဓားနဲ့ထိုးခဲ့ကြောင်း၊ ဝင်ရောက်ဖျန်ဖြေသူ မော်မော်အေးကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ၀င်ရောက်ဖြန်ဖြေသူ မော်မော်အေး သေဆုံးခဲ့ပြီး ထွက်ပြေးသွားတဲ့ သက်ပိုင်ဦးကို မော်ဟန်-နမ္မချီ ကျောက်စိမ်းမှော်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ လူသတ်မှုနဲ့ပတ်သက်ပြီး ဒေသခံအမျိုးသမီးတချို့က အမှန်အတိုင်းဖြစ်စေချင်ကြောင်း၊ ကျူးလွန်သူကို သေစားသေစေ အမိန့်ချပေးစေချင်တယ်လို့ ဆိုပါတယ်။ တရားခံလို့ ယူဆရသူ သက်ပိုင်ဦးကို မိုးညှင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။ သတင်း - မုန်းမုန်းမင်း  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up