အေဂျက်အသင်း ချန်ပီယံလိဂ်ဖလား ရနိုင်ဟု ခရစ္စဆက်တန် သုံးသပ်

အေဂျက်အသင်း ချန်ပီယံလိဂ်ဖလား ရယူသွားနိုင်တယ်လို့ ဘောလုံးကျွမ်းကျင်သူတချို့က ချီးကျူးခဲ့ကြပါတယ်။ ဟော်လန်ကလပ် အေဂျက်အသင်းဟာ ဂျူဗင်တပ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၆ သင်း အဆင့်မှာတုန်းကလည်း လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ် အနိုင်ယူခဲ့တာကြောင့် အေဂျက်အသင်းအနေနဲ့ ချန်ပီယံဆုဖလား ရယူသွားနိုင်တယ်လို့ ဘီတီစပေါ့က ဘောလုံးဝေဖန်သုံးသပ်သူ ခရစ္စဆက်တန်က သုံးသပ်ခဲ့ပါတယ်။ အေဂျက်အသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အထူးခြေစွမ်းပြနေပြီး  ဖရန့်ကီဒီဂျောင်၊ ဒီလစ်ခ်ျ၊ ဗန်ဒီဘိခ် စတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကိုလည်း ဆက်တန်က ချီးကျူးခဲ့ပါတယ်။ အေဂျက်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up