မိုင်းပန်မြို့နယ်တွင် မြေငလျင် လှုပ်ခတ်
DVB
·
April 18, 2019
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက အင်အား အနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၅ နာရီ၊ ၁၅ မိနစ်၊ ၀၇ စက္ကန့် အချိန်က မိုင်းပန်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၀.၂၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၁၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃.၇ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။