ဇီးဖြူသောင်ပင်လယ်ဝတွင် လင်းပိုင် ၁ကောင် သောင်တင်သေဆုံး
DVB
·
April 18, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ပင်လယ်ဝသဲသောင်ပြင်ပေါ်မှာ ဧပြီလ ၁၇ ရက် မနက်ပိုင်းက လင်းပိုင် တကောင် လာရောက်သောင်တင်သေဆုံးခဲ့ပါတယ်။
ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက “မနက် ၆ နာရီလောက်က ကမ်းခြေမှာနေတဲ့သူတွေကတဆင့် သိရတယ်။ ရွာရဲ့အဆုံးသောင်တန်းမှာ လာကပ်တာ၊ လုံးပတ်က တအားကြီးတယ်။ သောင်ပေါ်တက်လာပြီး ပြန်ဆင်းဖို့က မတတ်နိုင်ဘဲ သေသွားတဲ့ သဘောရှိတယ်။ သွေးစိမ်းလေးတွေ ထွက်နေတာ တွေ့တယ်။ ရုန်းကန်ထားတဲ့ပုံရတယ်၊ အရေပြားပွန်းရာတွေ တွေ့တယ်။ သက်ဆိုင်တဲ့ ငါးဦးစီးကို ဆက်သွယ်ပြောကြားချက်အရ ကမ်းခြေအစပ်ကို ဆွဲကပ်ပြီးတော့ ဒီညနေ ၅ နာရီမှာ မြေမြှုပ်သွားပါ့မယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါလင်းပိုင်မှာ အလျား ၁၇ ပေ၊ လုံးပတ် ၁၁ ပေ ၁ လက်မ၊ ရှေ့ရေယက် ၁ ပေ ၉ လက်မ၊ အပေါ်ကျောတောင် ၁၄ ပေ၊ အမှီးဖျား ၅ ပေ ၅ လက်မ အရွယ်အစားရှိပါတယ်။
သတင်း-၀င်းနိုင်သက်၊ ဓာတ်ပုံ - ASO , KS