A d v e r t i s e m e n t With Us

သမ္မတ လုပ်ပိုင်ခွင့်ကို သူရဦးရွှေမန်း မေးခွန်းထုတ်

လွှတ်တော်က အတည်ပြု၊ သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေတခု သက်ဝင် လှုပ်ရှားနိုင်ရေး သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မေးခွန်းထုတ်ခဲ့တဲ့အပြင် ပြည်ထောင်စုအစိုးရ တာဝန်ရှိသူကို တောင်းဆိုမှုလည်း လုပ်ခဲ့ပါတယ်။ မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ “၂၀၁၂ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေကြမ်း” ဆွေးနွေး အတည်ပြုရာမှာ သူရဦးရွှေမန်းက ခုလို မေးခွန်းထုတ် တောင်းဆိုခဲ့တာပါ။ ဥပဒေကြမ်းမှာ လွှတ်တော်က အတည်ပြု၊ သမ္မတက လက်မှတ်ရေးထိုးပြီးနောက် အတည်ဖြစ်ပေမယ့် ဥပဒေ သက်ဝင်လှုပ်ရှားမယ့် အချိန်ကို သမ္မတက အမိန့်ကြေညာစာ ထုတ်တဲ့နေ့မှ စတင်အာဏာတည်စေရမယ် ဆိုတဲ့ အချက်ကို ဘာကြောင့်ထည့်သွင်းရသလဲလို့ သူရဦးရွှေမန်းက မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုတင်သွင်းတဲ့ ၀န်ကြီးဌာနနဲ့ ဥပဒေကြမ်းကော်မတီဘက်က ပြင်ဆင်ဖို့အချိန် လိုအပ်ကြောင်း ဖြေကြားတာကို သူရဦးရွှေမန်းက ဥပဒေ စတင်အာဏာ တည်သင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ရင်ရော အဲဒီအချိန် သမ္မတဘက်က အမိန့်ကြေညာစာ ထုတ်ပေးနိုင်မှာလား ဆိုပြီး တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို ၀န်ကြီးနဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက လက်ခံခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up