Homeမြန်မာသတင်း
သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့စောင့်ဆိုင်းနေ၊ နိုင်ငံရေးအကျဉ်းသားများ ပါမလာသေး
သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့စောင့်ဆိုင်းနေ၊ နိုင်ငံရေးအကျဉ်းသားများ ပါမလာသေး
သူသူအောင်
·
April 17, 2019
အကျဉ်းသား ၉၅၀၀ ကျော်ကို သမ္မတက လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ ကြေညာထားတဲ့အတွက် ရန်ကုန် အင်းစိန် အကျဉ်းထောင်ရှေ့မှာ သတင်းမီဒီယာသမားတွေနဲ့ လာရောက်ကြိုဆိုသူတွေဟာ ဒီမနက် အစောပိုင်းကတည်းက စောင့်မျှော်နေပေမယ့် ညနေ ၃ နာရီအထိ တစ်ယောက်မှ လွတ်မြောက်လာတာကို မတွေ့ရသေးပါဘူး။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ကချင်ပြည်နယ်က အကျဉ်းထောင်တွေကတော့ အကျဉ်းသားတွေ ဒီကနေ့ ပြန်လွတ်မြောက်လာနေပါတယ်။
ခုချိန်ထိ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မှ ပါမလာသေးဘူးလို့လည်း နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက် ဒီကနေ့ ဧပြီ ၁၇ ရက်မှာ အကျဉ်းထောင်/ စခန်း အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံခြားသား ၁၆ ဦးနဲ့ နိုင်ငံသားအကျဉ်းသား/သူ ၉၅၃၅ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ထားတာပါ။