Home
မြန်မာသတင်း
သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့စောင့်ဆိုင်းနေ၊ နိုင်ငံရေးအကျဉ်းသားများ ပါမလာသေး
သူသူအောင်
·
April 17, 2019
အကျဉ်းသား ၉၅၀၀ ကျော်ကို သမ္မတက လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ ကြေညာထားတဲ့အတွက် ရန်ကုန် အင်းစိန် အကျဉ်းထောင်ရှေ့မှာ သတင်းမီဒီယာသမားတွေနဲ့ လာရောက်ကြိုဆိုသူတွေဟာ ဒီမနက် အစောပိုင်းကတည်းက စောင့်မျှော်နေပေမယ့် ညနေ ၃ နာရီအထိ  တစ်ယောက်မှ လွတ်မြောက်လာတာကို မတွေ့ရသေးပါဘူး။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ကချင်ပြည်နယ်က အကျဉ်းထောင်တွေကတော့ အကျဉ်းသားတွေ ဒီကနေ့ ပြန်လွတ်မြောက်လာနေပါတယ်။ ခုချိန်ထိ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မှ ပါမလာသေးဘူးလို့လည်း နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။ မြန်မာနှစ်ဆန်း ၁ ရက် ဒီကနေ့ ဧပြီ ၁၇ ရက်မှာ အကျဉ်းထောင်/ စခန်း အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံခြားသား ၁၆ ဦးနဲ့ နိုင်ငံသားအကျဉ်းသား/သူ ၉၅၃၅ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024