ချီလီနိုင်ငံတောင်ပိုင်းတွင် လေယာဉ်ငယ်ပျက်ကျ၍ လူ ၆ ဦးသေဆုံး

1.3K
ချီလီနိုင်ငံတောင်ပိုင်း၊ ပွာအာတို မိုနာမြို့မှာ လူနေအိမ်တအိမ်ပေါ်ကို လေယာဉ်ငယ်တစင်း ပျက်ကျခဲ့တာကြောင့် လူ ၆ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
လေယာဉ်ပျက်ကျပြီး အိမ်ခေါင်းမိုး မီးလောင်ခဲ့လို့ မီးသတ်သမားတွေက ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ ကြပါတယ်။
အမျိုးသမီးနှစ်ယောက်၊ အမျိုးသား သုံးယောက်နဲ့ လေယာဉ်မှူး စုစုပေါင်း ၆ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ အနားက လေဆိပ်အသေးစား တခုကနေ ပျံတက်လာပြီး မကြာခင် ပျက်ကျခဲ့တာလို့ ဒေသခံမီဒီယာတွေ က ပြောပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်မှူးတယောက်နဲ့ ခရီးသည် ၈ယောက် လိုက်ပါဖို့ စီစဉ်ထားခဲ့ပေမယ့် အဲဒီထဲက ခရီးသည် ၃ယောက်ဟာ မလိုက်ဖြစ်ခဲ့ဘူးလို့ လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိရဖို့ စုံစမ်းစစ်ဆေးတာတွေ လုပ်သွားဖို့ သက်ဆိုင်ရာက စီစဉ်နေပါတယ်။
ဓာတ်ပုံ- SanAntonio_SOS