မီးလောင်ပျက်စီးသွားသည့် နော်ထရီဒမ်း ဘုရားကျောင်းအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်း

1.3K
ပြင်သစ်နိုင်ငံ ပဲရစ်မြို့သူမြို့သား ကတ်သလစ်ဘာသာဝင်တွေဟာ မီးလောင်ပျက်စီးခဲ့တဲ့ နော်ထရီဒမ်း ဘုရားကျောင်းအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဓမ္မတေးဆို ဆုတောင်းပွဲကို မနေ့က ပြုလုပ်ခဲ့ပါတယ်။
ရာနဲ့ချီတဲ့ မြို့သူမြို့သားတွေဟာ စိန့်ဆူပီး ဘုရားကျောင်းကနေ ငြိမ်သက်စွာ ချီတက်ပြီး စိန့်မစ်ချယ် ရင်ပြင်မှာ စုဝေးကြပါတယ်။
အလယ်ခေတ်လက်ရာ နော်ထရီဒမ်း ဘုရားကျောင်းကြီးဟာ ဧပြီလ ၁၅ ရက်နေ့ မီးလောင်မှုအတွင်း ခေါင်မိုးပျက်စီးပြီး ခေါင်ချွန်ပြိုကျခဲ့ပါတယ်။
ဒါပေမဲ့ မီးသတ်သမား ၄၀၀ ကျော် မီးကို ကြိုးစားငြှိမ်းသတ်တာကြောင့် မီးစလောင်ပြီး ၁၄ နာရီအကြာမှာ အဖိုးတန် ယဉ်ကျေးမှု အနုပညာ အမွေအနှစ်တွေ မပျက်စီးပဲ မီးငြှိမ်းသတ် နိုင်ခဲ့ပါတယ်။
ဘုရားကျောင်းမီးလောင်သွားတဲ့ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲအနီး ဖြတ်သန်းမောင်းနှင်သွားတဲ့ မီးသတ်ကားတစီးကို ပွဲမှာ ပါဝင်သူတွေက လက်ခုပ်သြဘာပေးပြီး ဂုဏ်ပြုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- AP