A d v e r t i s e m e n t With Us

အင်ဒိုနီးရှားနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပ၊ မဲဆန္ဒရှင်ပြည်သူ သန်း ၁၉၀ ကျော်မဲပေးနေ

အင်ဒိုနီးရှားနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို ဒီကနေ့ ဧပြီ ၁၇ ရက်မနက်က စတင်ပြီး  နိုင်ငံတ၀၀န်းက မဲရုံပေါင်း ၈ သိန်းကျော်မှာ တရက်ထဲနဲ့ အပြီး ကျင်းပနေပါတယ်။ ဒီရွေးကောက်ပွဲမှာ သမ္မတနဲ့  လွှတ်တော် အမတ်နေရာတွေအတွက် ကိုယ်စားလှယ်လောင်း ၂၄၅,၀၀၀ ၀င်ရောက်ယှဉ်ပြိုင်နေကြပြီး   ဆန္ဒမဲပေးခွင့်ရှိသူ ၁၉၂ သန်းကျော် တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲမှာ   လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက  သမ္မတပြန်လည် အရွေးခံရဖို့အတွက် ဗိုလ်ချုပ်ကြီးဟောင်း  ပရာဘိုဝိုဆူဘီယန်တိုနဲ့ ယှဉ်ပြိုင်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ရွေးကောက်ပွဲမှာ ၀ီဒိုဒိုက  ဆူဘီယန်တိုကို ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲရုံတွေကို မနက် ၇ နာရီမှာ  ဖွင့်ပြီး နေ့လယ် ၁ နာရီမှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံ  သမိုင်းမှာ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ပထမဆုံးအကြိမ်  တပြိုင်နက် ကျင်းပတာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ညင်သာအေးချမ်းစွာ ကျင်းပနိုင်ဖို့  မဲရုံဝန်ထမ်း ၆ သန်းလောက်နဲ့ စစ်ဘက်နံ့ ရဲလုံခြုံရေး ၀န်ထမ်း ၁ သန်း နီးပါး တာဝန်ယူဆောင်ရွက်ကြတယ်လို့  သိရပါတယ်။ ဓာတ်ပုံ- Reuters

A d v e r t i s e m e n t With Us

More News
Up