ပါကစ္စတန် နေအိမ်တလုံးကို ကွန်မန်ဒိုတပ်သားများစီးနင်း တာလီဘန် ၅ ဦးသေဆုံး

1.7K
ပါကစ္စတန်နိုင်ငံ၊ ပါရှာဝါမြို့က နေအိမ်တလုံးကို ကွန်မန်ဒိုစစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက်စီးနင်းခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း တာလီဘန်စစ်သွေးကြွ ငါးယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။
ဧပြီ ၁၆ ရက်နေ့က ၁၆နာရီကြာ အဲဒီစစ်ဆင်ရေးမှာ ရဲအရာရှိ တစ်ဦးလည်း သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးမှာ အဲဒီအိမ်ထဲမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ အိမ်ထဲမှာ ဖောက်ခွဲရေး ပစ္စည်းရှိနေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။
သေဆုံးသွားသူတွေက ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနေဆဲလို့ ပါရှာဝါ ရဲတပ်ဖွဲ့ အကြီးအကဲ ကာဒီဂျမေးက ပြောပါတယ်။
ပါကစ္စတန်အခြေစိုက် တာလီဘန် စစ်သွေးကြွအဖွဲ့ရဲ့ ပြောခွင့်ရ မိုဟာမတ် ခုရာဆာနီက သူတို့ အဖွဲ့ဝင် ငါးယောက် ကျဆုံးခဲ့တယ်ဆိုတာ မက်ဆေ့ ကနေဆင့် မီဒီယာတွေကို ပြောခဲ့ပါတယ်။
မကြာသေးခင်နှစ်တွေက ပါကစ္စတန်စစ်တပ်က စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ခဲ့ တာကြောင့် တာလီဘန်စစ်သွေးကြွတွေ အင်အားလျော့နည်းခဲ့ပြီး အကြမ်းဖက် ပဋိပက္ခတွေလည်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။
ဓာတ်ပုံ- AFP