A d v e r t i s e m e n t With Us

လူမှုစီးပွားဘ၀များ ပိုမိုမြင့်မားတိုးတက်စေရန် ဒုသမ္မတ (၁) ဦးမြင့်ဆွေ နှစ်သစ်ဆုတောင်း

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံး နှစ်သစ်မင်္ဂလာ အခါသမယမှာ လူမှုစီးပွားဘ၀တွေ ပိုမိုမြင့်မားတိုးတက်ပြီး ရွှင်လန်းချမ်းမြေ့ကြစေဖို့  ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြား လိုက်ပါတယ်။ နှစ်သစ်မှာ ပြည်သူတရပ်လုံးမျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေဖို့၊ ငြိမ်းချမ်းရေး ရလာတာနဲ့အမျှ မြန်မာနိုင်ငံ အဘက်ဘက်က အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို တိုင်းရင်းသား ပြည်သူ တရပ်လုံး အတူတကွ မျှမျှတတ ခံစားနိုင်ကြစေဖို့လည်း  ဆုတောင်းပေးသွားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ စည်းလုံးညီညွတ်တဲ့ စွမ်းအား၊ ချစ်ကြည်သွေးစည်းတဲ့ ပြည်ထောင်စု စိတ်ဓာတ်တွေကို အရင်းခံပြီး စိတ်သစ်လူသစ် အင်အားသစ်တွေနဲ့ အစိုးရနဲ့ လက်တွဲကာ ပြည်ထောင်စုကြီးရဲ့ ရှေ့ခရီးဆက်ကြဖို့ လည်း တိုက်တွန်း ပြောကြားထား ပါတယ်။ ဓာတ်ပုံ- သမ္မတရုံး

A d v e r t i s e m e n t With Us

More News
Up