Home
မြန်မာသတင်း
တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှု တည်ဆောက်ရန် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ နှစ်သစ်တွင် တိုက်တွန်း
DVB
·
April 17, 2019
တိုင်းရင်းသား အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့  နိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားလိုက်ပါတယ်။ တိုင်းရင်းသားသွေးချင်းတွေအားလုံး နိုင်ငံတော် တည်ဆောက်ရေးမှာ ကျရာ အခန်းကဏ္ဍကနေ ပြည်ထောင်စုစိတ်အခြေခံပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီခိုင်မာရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ ပူပေါင်းဆောင်ရွက်မှုဟာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံ အုတ်မြစ်ဖြစ်တယ်၊ တမြေထဲနေ ရေထဲသောက်ကြတဲ့ တိုင်းရင်းသားအားလုံးရဲ့ ပေါင်းစည်း ညီညွတ်မှုအင်အားနဲ့ အားလုံးမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ကြုံလာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ လည်း ဦးဟင်နရီဗန်ထီးယူက နှစ်သစ် သ၀ဏ်လွှာမှာ ပြောသွားပါတယ်။ ဓာတ်ပုံ- သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024