ပါကစ္စတန်တွင် သဲမုန်တိုင်း ၀င်တိုက်၊ ၅ ဦးသေ ၈၀ ကျော် ဒဏ်ရာရ



1.3K
ပါကစ္စတန်နိုင်ငံ ကရာချီမြို့ကို ဧပြီလ ၁၄ရက်နေ့က သဲမုန်တိုင်း ၀င်တိုက်ခဲ့တာကြောင့် လူ ၅ ယောက်ထက် မနည်းသေဆုံးပြီး ၈၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။
သဲမုန်တိုင်းဟာ ခန့်မှန်းထားတာထက် ပိုအားပြင်းခဲ့ပြီး တနာရီကို အများဆုံး လေတိုက်နှုန်း ၅၆ ကီလိုမီတာနှုန်းနဲ့ ၀င်ရောက်ခဲ့တယ်လို့ ပါကစ္စတန် မိုးလေ၀သ ဌာနက ညွှန်ကြားရေးမှူး ဆန်ဒရာ ဆာဖာရာဇ်က ပြောပါတယ်။
မုန်တိုင်းတိုက်ပြီးတဲ့နောက် သစ်ပင်တွေ၊ ဓာတ်တိုင်တွေ လဲကျပြီး လမ်းမပေါ် ပိတ်ဆို့နေခဲ့ ပါတယ်။ ဒါ့အပြင် မုန်တိုင်း ကျနေချိန် မြင်နိုင်စွမ်းကလဲ အကွာအဝေး မီတာ ၅၀၀လောက်သာ မြင်ရပါတယ်။
အဲဒီ သဲမုန်တိုင်းကြောင့် ဂျင်နာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း လေကြောင်းခရီးစဉ် တချို့ ဖျက်သိမ်းလိုက်ရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
ဓာတ်ပုံ-EPA