Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌မွေးဖွားပြီး မွေးကင်းစမှာစွန့်ပစ်ခံရသည့် နိုင်ငံမဲ့ကလေးများကို ထိုင်းနိုင်ငံသားမှတ်ပုံတင်ထုတ်ပေး
DVB
·
April 17, 2019
ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့ပြီး မွေးကင်းစမှာ စွန့်ပစ်ခံရလို့ ထိုင်းနိုင်ငံသား မှတ်ပုံတင်နဲ့  အိမ်ထောင်စုစာရင်းမရှိသူတွေဟာ တော်ဝင် ဂေဇက်က ထုတ်ပြန်ပြီး ဒီသီတင်းပတ်မှာ အသက်ဝင်မယ့် ဥပဒေသစ်အရ မွေးစာရင်းနဲ့ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားနိုင်တော့မှာပါ။ ဧပြီ ၁၁ ရက်က အသက် ၁၈ နှစ်အရွယ် ခစ်တိပတ်ကို ဘန်ကောက် မြို့တော်မှာရှိတဲ့ စာထွန်မြို့နယ်ရုံးက ထိုင်းနိုင်ငံသားကတ် ထုတ်ပေးခဲ့ပါတယ်။ သူဟာ စမွတ်စာခွန် ခရိုင် ဘန်းဖဲယ် ဆေးရုံမှာ မွေးကင်းစတည်းက စွန့်ပစ် ခံခဲ့ရသူပါ။ ကျောင်းလက်ရွေးစင် အားကစားသမားလည်းဖြစ်သလို ဘင်ခရာ တီးဝိုင်း အဖွဲ့ဝင် ဖြစ်တဲ့ အလယ်တန်း ငါးတန်း ကျောင်းသားဟာ စာထွန်မြို့နယ် မဟာမက်ခ် ယောက်ျားလေးကျောင်းမှာ နေပါတယ်။ ခစ်တိပတ်က “နိုင်ငံမဲ့ ကလေးတယောက် အနေနဲ့  ကျနော်ဟာ အထက်တန်း ပညာရေးကိုလည်း ဆက်မသင်နိုင်သလို အလုပ်လဲ မလုပ်နိုင်ဘူး။ ခုတော့ ထိုင်းနိုင်ငံသားဖြစ်ပြီမို့ ကျနော် အင်ဂျင်နီယာ ဘာသာရပ်ကိုသင်ဖို့ ကထိက တယောက် ဖြစ်လာဖို့ တက္ကသိုလ် တက်နိုင်အောင် ကြိုးစားမယ်”လို့ ပြောပါတယ်။ နိုင်ငံမဲ့တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီနေတဲ့ ရှေ့နေ ဆူရာပွန် ခွန်ချန်တုတ် ကတော့ ၂၀၁၆ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်တဲ့ အစိုးရ ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံသားအဖြစ် လက်သင့်ခံဖို့ ခစ်တိပတ်ဟာ အရည်အသွေး ပြည့်မီတယ်လို့ သနေးရှင်း သတင်းဌာနကို ရှင်းပြပါတယ်။ ယောက်ျားလေး ကျောင်းက ခစ်တိပတ် အတွက် ဇန်နဝါရီ ၁၁မှာ လျှောက်လွှာ တင်ပေးခဲ့ပြီး ဧပြီ ၁၁မှာ နိုင်ငံသားကတ် ရခဲ့တယ်လို့ ဆူရာပွန်က ရှင်းပြပါတယ်။ ဂေဟာတွေမှာ နေကြတဲ့ နိုင်ငံမဲ့ ကလေးတွေ ထိုင်းနိုင်ငံသား လျှောက်ထားရာမှာ ကူညီနိုင်ဖို့ လူမှုဖူလုံရေး စီမံအုပ်ချုပ်သူတွေ အရာရှိတွေနဲက အလုပ်ရုံ ဆွေးနွေးပွဲကို မေလကုန်ပိုင်းမှာ ကျင်းပဖို့ ရှိနေပါတယ်။ သတင်း- ဓာတ်ပုံ Credit - The Nation
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024