အောင်မြင်မှုနှင့် ဝေးနေသည့် တိုက်ဂါးဝုဒ် မာစတာဖလား ဆွတ်ခူး

1.3K
မူးယစ်ရမ်းကားပြီး ကားမောင်းတာတွေ၊ လိင်ကိစ္စအရှုပ်အရှင်းတွေကြားမှာ ကာအတန်ကြာ နစ်မြုပ်နေခဲ့ရတဲ့ တိုက်ဂါးဝုဒ်ဟာ ဂေါက်သီး အားကစား လောကရဲ့ အဓိကဆုဖလားတခုဖြစ်တဲ့ မာစတာဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် ယူအက်စ်အိုးပင်းမှာ အဓိကဆုဖလားကို နောက်ဆုံးဆွတ်ခူးပြီးနောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တဲ့ ဝုဒ်ဟာ သူ့ရဲ့ အသက် ၄၃ နှစ်မှာ ကစားသမား သက်တမ်းတလျှောက် ၁၄ ကြိမ်မြောက် အဓိကဆုဖလားကိုရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားအဖြစ် နှစ်များစွာ ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့သလို အမေရိကန်ရဲ့ စံပြကစားသမား တဦးဖြစ်ခဲ့ဖူးတဲ့ ဝုဒ်ဟာ မကြာခဏဆိုသလို ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ လူမှုရေးအရှုပ်အရှင်းတွေအပြင် အရက်စွဲတဲ့ဝေဒနာကိုလည်း ခံစားခဲ့ရပါတယ်။
အဲ့ဒီလိုပြဿနာတွေဖြစ်ခဲ့တာဟာ မကြာခဏဆိုသလို ပြိုင်ပွဲတွေမှာ ဒဏ်ရာရခဲ့တာကြောင့် စိတ်ကျဝေဒနာခံစားခဲ့ရတာကြောင့်လည်း ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ဒီနေ့မှာတော့ ဝုဒ်ရဲ့သတင်းတွေဟာ ပြန်လည်မွှေးပျံ့လာခဲ့ပြီး ရှုးသွပ်တဲ့ အိမ်မက်နောက်ကို လိုက်ဖို့ ဘယ်တော့မှ လက်မလျော့လိုက်ပါနဲ့ဆိုပြီး ချီးကျူးနေကြပါတယ်။
ဓာတ်ပုံ- Reuters