Home
မြန်မာသတင်း
နေပြည်တော်လမ်းလျှောက်သင်္ကြန်  ဒုသမ္မတ လာရောက်ဆင်နွှဲ
DVB
·
April 16, 2019
၂၀၁၉ မဟာသင်္ကြန် နောက်ဆုံးရက် အတက်နေ့မှာ နေပြည်တော်၊ ပျဉ်းမနားမြို့ ၊ ရှမ်းကန် မြောက်ဘက် ဗိုလ်တောက်ထိန်လမ်းနဲ့ ရှမ်းကန်အရှေ့ဘက် ဗိုလ်တာရာလမ်းမှာ ကျင်းပတဲ့ လမ်းလျှောက်သင်္ကြန်ကို လာရောက် လည်ပတ် ရေကစားသူတွေ များပြားတာကိုတွေ့ရပါတယ်။ ဒီကနေ့မှာတော့ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီး တချို့လည်း လာရောက်ရေကစားကြတာကိုတွေ့ရပါတယ်။ မနက်ဖြန် နှစ်ဆန်း ၁ ရက်နေ့မှာဆိုရင်လည်း ကန်တော်မင်္ဂလာခန်းမမှာ နှစ်ဦး ဆွမ်းကပ်မှာ ဖြစ်ပြီး ညပိုင်းမှာတော့ ရှမ်းကန်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုထောင့်မှာ နှစ်ဦး စကားဓမ္မသဘင်ပွဲကို ကျင်းပဖို့ ရှိနေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024