တရုတ်နိုင်ငံတွင် ဆင်စွယ်မှောင်ခိုဂိုဏ်းကို ဖမ်းဆီးရမိ

တရုတ်နိုင်ငံမှာ ဆင်စွယ်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းမှာ ပါဝင်ပတ်သတ်နေတဲ့ နိုင်ငံတကာ ရာဇ၀တ်အဖွဲ့ တဖွဲ့ကို  နှိမ်နင်းဖမ်းဆီးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ဧပြီလ ၁၅ ရက်နေ့မှာ ပြောပါတယ်။ အဲဒီ ရာဇ၀တ်ဂိုဏ်းဟာ အချိန် အတော်ကြာ ဆင်စွယ်မှောင်ခို ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေခဲ့တာပါ။ ဒါ့အပြင် အဲဒီဂိုဏ်းဟာ  ပြီးခဲ့တဲ့နှစ်တွေက စုံစမ်းမှုအတွင်း ဖမ်းမိတဲ့ အကြီးဆုံးဂိုဏ်းအဖွဲ့ဖြစ်တယ်လို့ တရုတ်အကောက်ခွန် အုပ်ချုပ်ရေးမှူးရုံးရဲ့ ဒုညွှန်ကြားရေးမှူး ဟူဝေက ပြောပါတယ်။ မတ်လ ၃၀ရက်က အဲဒီမှောင်ခိုဂိုဏ်း အဖွဲ့ဝင် အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပြီး စုစုပေါင်း အလေးချိန်  ၇ ဒဿမ ၅ တန်ရှိတဲ့ ဆင်စွယ်အချောင်း ၂၇၀၀ ကျော်ကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ အကောက်ခွန်အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ ဆင်စွယ်ရောင်းဝယ်ရေးကို တားမြစ်ခဲ့ပြီး အဲဒီအချိန်က တည်းက ဆင်စွယ်မှောင်ခို လုပ်ငန်းတွေကို နှိမ်နင်းခဲ့ပါတယ်။ ၂၀၁၉ နှစ်စပိုင်းကတည်းက  ကွမ်တုံ၊ ၀ူဟန်နဲ့ လန်ကျိုး စတဲ့မြို့သုံးမြို့မှာ မျိုးတုန်း ပျောက်ကွယ်လုနီးပါး အန္တရာယ်ရင်ဆိုင်နေတဲ့ တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေ စုစုပေါင်း အလေးချိန်တန် ၅၀၀ ကျော် သိမ်းဆည်းရမိထားပါတယ်။ ဓာတ်ပုံ-CGTN

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up